ပြင်ဦးလွင် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားကာ အမှတ် (၃ ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “မြန်မာမလေး”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ရွှေမိုးသူဇာက အထက်တန်းဆင့်/အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများနှင့်ခရစ်ကတ် လက်ရွေးစင် ကစားသမား( ၂ ) ဦးအား ဆုများချီးမြှင့်သည်။
ဆက်လက်ပြီး အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက“မြန်မာအမျိုးသမီးအလှ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ Little Eurekas ကိုယ်ပိုင်မူလတန်းကျောင်း မှ ကျောင်းသား ၊ ကျောင်းသူလေးများက “မြန်မာအမျိုးသမီးများနေ့" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊တာဝန်ရှိသူများက အထက်တန်းဆင့်/ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ခြင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက“နွေမိန်တပေါင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ် (၂ ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ဣတ္ထိယပန်းခင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တာဝန်ရှိသူများက ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ခြင်း ၊ အ.ထ.က (အနီးစခန်း ) မှ ကျောင်းသူလေးများက ပန်းတိုင်ဆီသို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်သွားသည့် ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရှိရသည်။
ခရိုင် ပြန်/ဆက်