စဉ့်ကိုင် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီး အဘိုး အဘွားများနှင့် အသက်(၁၀၀)နှစ်ထက်အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေများပေး အပ်ခြင်း ကို ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ခန်းမတွင် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးတို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့အားလူမှုရေးပင်စင် ထောက်ပံ့ငွေ များကို သက်ကြီးအဘိုးအဘွားများလက်ဝယ်အရောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်ဆင့် ထောက်ပံ့ပေးအပ်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလအတွက် လူမှုရေး ပင်စင်များကိုထောက်ပံ့ပေးအပ်ခဲ့ရာ စဉ့်ကိုင်မြို့နယ်တွင် မြို့ပေါ်(၅)ရက်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စု အတွင်းရှိ အသက်(၈၅)နှစ်အထက်အဘိုးအဘွာ (၇၈၇)ဦးအား တစ်ဦးလျှင်လူမှုရေး ပင်စင်ထောက်ပံ့ ငွေကျပ်(၃၀၀၀ဝိ/−)နှင့် အသက်(၁၀၀)နှစ်အထက် အဘိုးအဘွား(၁၄)ဦးအား တစ်ဦးလျှင် လူမှုရေးပင်စင်နှင့် ထပ်ဆောင်းထောက်ပံ့ ငွေကျပ်(၆၀၀၀ဝိ/−) စုစုပေါင်း(၈၀၁)ဦးတို့အား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများလက်ဝယ်ရောက် ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင် ပြန်/ဆက်)