လယ်ဝေး ဇူလိုင် ၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန် ၁ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ထိ အခြေခံပညာကျောင်း ၁၂ ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ယနေ့တွင် လယ်ဝေးမြို့နယ်အတွင်းရှိ အ-ထ-က(၁)၊ အ-ထ-က (သာဝတ္ထိ)၊ အ-ထ-က(ကန်လှ)၊ အ-ထ-က(သဲဖြူ)၊ အ-ထ-က(သပြေပင်)နှင့် မူလွန်(နောင်ဘို)ကျောင်းတို့တွင် အသက်(၁၈)နှစ်ပြည့်သော်လည်းအကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ အသက်(၁၀)နှစ်နှင့် အထက်မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူ၍ UID ကတ်ပြားထုတ်ပေးခြင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)