စဉ့်ကိုင်မြို့နယ် အဝေရာ ရာမရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အသက်(၁၀) နှစ်အောက်ကလေးငယ်များအား နို့အဟာရတိုက်ကျွေး

စဉ့်ကိုင်ဇန်နဝါရီ ၂၂

အဆိုပါ နို့အဟာရတိုက်ကျွေးရာတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ အစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင် ပညာရေ:ကျောင်းများရှိ (၁၀)နှစ်အောက်ကလေးငယ်များအား တိုက်ကျွေးခြင်းဖြစ်ရာ အဝေရာ ရာမရန်ကင်းကျောင်းတိုက် ဆရာတော်အရှင်အာလောကအား မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကလေးငယ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျလက်ဆေးနည်း Mask စနစ်တကျ တပ်ဆင်နည်းများကို အသိပညာပေးဟော ပြောခဲ့ သည်။

ဆက်လက်၍ အသက်(၁၀)နှစ်အောက် ကလေးငယ်(၄၀)ဦးတို့အား နို့အဟာရများ တိုက်ကျွေးခဲ့ကြပြီး စဉ့်ကိုင်မြို့နယ်တွင် အောက်တိုဘာလမှစ၍ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ပုံမှန်တိုက်ကျွေးလျှက်ရှိကြောင်းနှင့် ရှေးဦ:အရွယ် ကလေးသူငယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်ရည်ရွယ်၍ တိုက်ကျွေးခြင်း ဖြစ်ကြောင်းသိရသည်။

ညိုညိုဝင်း(စဉ့် ကိုင် ပြန်/ဆက်)