ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ   ဇန်နဝါရီ  ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် ရွေးချယ်ရေး ဆိုင်ရာလုပ်ငန်း အဆင့်ဆင့်ကို ပြည်သူများသိရှိစေရန်နှင့် မှန်ကန်သောရွေးချယ်မှုများရရှိစေရန်အတွက် ယနေ့နံနက်၉ နာရီက ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲထွန်းနောင်၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးသန်းမြင့်၊ လျှပ်စစ်အင်ဂျင်နီယာ ဦးဇွဲကိုကိုနှင့် မြို့နယ်(ပြန်/ဆက်) ဦးစီးမှူး ဒေါ်မိသူဇာတို့ သည် (ရွာလွတ်၊ ကွမ်ရိုက်၊ တော်ကနာ)ကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျေးရွာအုပ်စုအတွင်းရှိ အုပ်စု့အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကြီးကြပ်ရေး အဖွဲ့ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ ဉပဒေ၊ နည်းဉပဒေနှင့်အညီ ရွေးချယ်နိုင်ရေး၊ ရွေးချယ်မှုဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်၊ အုပ်ချုပ်ရေးမှူးတွင်ရှိ ရမည့် အရည်အချင်းများကို အသေးစိတ်ချပြ ရှင်းလင်း ဆွေးနွေးပေးခဲ့ပြီး လာရောက် လာသည့် ကျေးရွာပြည်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ခဲ့ကြောင်းနှင့် အလားတူဆွေးနွေးပွဲကို အခြားကျေးရွာ(၉)ရွာ၌လည်း ကျန်အဖွဲ့သုံးဖွဲ့တို့မှ ကွင်းဆင်း ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)