ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

 ကွမ်းခြံကုန်း ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယ‌နေ့နံနက်ပိုင်းက မြို့မပိုင်းရပ်ကွက် အ.မ.ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်‌ဆွေနွယ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူး အ‌ကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာအခွင့်အရေးဆိုင်ရာ အကြောင်းအရာများအားလည်း‌ကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်ဆေးခန်းမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာစသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသောနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)