ပုဇွန်တောင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ) မှ ဖြောင့်မတ်တည်ကြည်မှု Edutainment အသိပညာပေး ဟောပြောပွဲကျင်းပ

ပုဇွန်တောင် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဖြောင့်မတ်တည်ကြည်မှု Edutainment အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အနော်ရထာလမ်းရှိ အမှတ် () အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ) မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စုမြတ်နိုင်မှ ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ကိုယ်ကျိုးနှင့်အများအကျိုး ခွဲခြားတွေးတောခြင်း၊ ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှုရှိခြင်း၊ လူမှုတန်ဖိုးများ တည်ဆောက်ခြင်း၊ တာဝန်ယူမှုမရှိခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်း စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသူ/ကျောင်းသားလေးများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။

 

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းဇော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ) မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စုမြတ်နိုင်နှင့် ဝန်ထမ်းများ၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားနွယ်နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက် စိတ်ပါဝင်စားစွာ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်