မိုးညှင်း ဇူလိုင် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း) မှ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ရက်တို သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို ဇွန် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဖွင့်ပွဲတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ရက်တိုသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း) မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ၎င်းသင်တန်းအား ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်မှ သင်တန်းသား သင်တန်းသူ (၃၁) ဦး တက်ရောက်ကြပြီး ၎င်းသင်တန်းအား ဇွန်လ (၃၀) ရက်မှ ဇူလိုင် (၂) ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း