မြောက်ဥက္ကလာပ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ်ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရေး၊ မျက်စိကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပညာကောင်းကင် (ကိုယ်ပိုင်) စာသင်ကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက ဟိန်းမဟာကိုယ်ပိုင်စာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ သွားပိုးစားရောဂါ ဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဥ်များ စစ်မှန်သောသွားတိုက်နည်းများ၊ မျက်စိကျန်းမာရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဘုရားပန်းအိုး၊ ရေတွင်းရေကန်များအား ပိုးလောက်လန်းစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း စသည့်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)