လမ်းမတော် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် မြို့နယ်အတွင်းရှိ အသက် (၆၀) နှင့်အထက် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ အသက် (၆၀) နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား အစာအုပ်စု (၅) အုပ်စုအကြောင်း ကျန်းမာရေးအသိပညာပေးခြင်း၊ Chair exercise ပြုလုပ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းနှင့် NCD ဆေးဝါးများ အခမဲ့ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ ခံယူစေခြင်းတို့ကို စနစ်တကျဆောင် ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)