ဟိုပင် ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဟိုပင်မြို့ တိုက်နယ်ကျန်းမာရေးဌာနသို့ PPE ဝတ်စုံ ၂၀ စုံနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က HARP-F နှင့် လွယ်ယန်ဘွမ် လူထုဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုတွင် PPE ဝတ်စုံ ၂၀ စုံ၊ နှာခေါင်းစည်း Mask ၂၀ တိုက်၊ သာမိုမီတာ ၁ ခု၊ ရေမလိုလက်သန့်ဆေးရည် Hand Gel ၁၀ ဘူးနှင့် လက်အိတ် ၅ တိုက် တို့ကို HARP-F နှင့် လွယ်ယန်ဘွမ် လူထုဖွံ့ဖြိုးရေးအသင်းမှ တာ၀န်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ ကျန်းမာရေး ဆရာမ ဒေါ်စန္ဒာဝင်းက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ဟိုပင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများ၊ ကာကွယ်ရေးပစ္စည်းများကို ဆက်လက်လှူဒါန်းလျှက်ရှိကြောင်း မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရှိရသည်။
တိုးတိုးမေ(ဟိုပင်)