မိုင်းပျဥ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း  ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံပြီး၊ သင်တန်းကိုတစ်ဆက်တည်း ကျင်းပခဲ့သည်။ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စား၊ မြို့နယ်နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာသင်တန်းနည်းပြ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများနှင့် သင်တန်းသား(၃၂)ဦးတို့ စုံလင်စွာတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၁-၇-၂၀၂၆)ရက်နေ့မှ (၂၈-၇-၂၀၂၆)ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‌နန်းသန္တာဦး(ပြန်/ဆက်)