ကျောက်ဆည် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား မှုမရှိစေရေးအတွက် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများနှင့် လက်တွေ့မီးငြှိမ်း သတ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကေသီဦး စက်သုံးဆီအရာင်းဆိုင်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးက လောင်စာဆီဆိုင် များ အနေဖြင့် မီးလောင်မှုဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်နိုင်သည့် နေရာတစ်နေရာဖြစ်သောကြောင့် တာဝန်ရှိသူများအနေဖြင့် လောင်စာဆီများ သိုလှောင်ရာတွင်လည်းကောင်း၊ ပြန်လည်ဖြည့်တင်းရာတွင် လည်းကောင်း အစဉ် သတိပြုကြစေလိုကြောင်းနှင့် မီးလောင်မှုဖြစ်ပွားစေသော အခြေခံသဘော တရားများ၊ မီးလောင်မှုဖြစ်စဉ်များအကြောင်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သန္ဓေတပ်ဖွဲ့ဝင် များနှင့်အတူ မီးသတ်ဆေးဗူးအမျိုးမျိးနှင့် မီးငြှိမ်းသတ်ခြင်းများ၊ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်ပြီး မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ယမန်နှစ်က မီးလောင်မှု (၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် (၃၁၅၉၅၀၀)ကျပ်နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တွင် မီးလောင်မှု (၁) ကြိမ်ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၁)သိန်း တစ်သောင်း ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)