မိုင်းဆတ် ဇူလိုင် ၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ ရက် (၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မယ်ဆွမ်မြောက်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ကာန)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ One Stop Service ဖြင့် ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှတာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး ကျောင်းသား/ကျောင်းသူ ၇၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ထိ လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူ ၁၀၃၆ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (မိုင်းဆတ်)