ကျိုက်ထို ဇူလိုင် ၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် မြို့နယ်သမဝါယဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှ အသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အသင်းဝန်ထမ်းများမှ ကံကော် (၅) ပင်၊ ခရေ (၅) ပင်၊ ပျဥ်းမ (၁၀) မဟော်ဂနီ (၃၀) စုစုပေါင်းပျိုးပင် (၅၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)