ကျိုက်မရောမြို့နယ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဆည်းဆာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ကြက်ဥများလှူဒါန်း

ကျိုက်မရော ဇူလိူင် ၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင် မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များ စုပေါင်း၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန် ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့ မြဆည်းဆာဘိုးဘွားရိပ်သာရှိ အဘိုးအဘွား (၆၅) ဦးတို့အား အဟာရဒါနအဖြစ် ကြက်ဥအလုံး (၂၀၀) ကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ကေသီခိုင်နှင့် ဝန်ထမ်းများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချိူမြတ်မြတ်ထွေး (ပြန်/ဆက်)