ကွမ်းခြံကုန်း ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ယမန်နေ့မနက်(၁၀)နာရီက လူထု အခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရိုက်ကူးခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန့်ဆွေနွယ်ဦးမှ ယခုကာလသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေသော အချိန်ဖြစ်၍ လူစု လူဝေးဖြင့် ပြုလုပ်ရသော အသိပညာပေး ဟောပြောပွဲများအစား Online မှ တဆင့်အသိပညာပေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း မိတ်ဆက် ပြောကြားပြီး ဆွေးနွေးပွဲကို စတင် ပြုလုပ်ခဲ့သည်။ အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ဥပဒေများအကြောင်းနှင့် ရည်ရွယ်ချက်များ၊ မသန်စွမ်းသူများအား ခွဲခြားဆက်ဆံမှုများ အတွက် ကာကွယ် ပေးသော ဥပဒေများအကြောင်းတို့ကို မေးမြန်းခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းဦးက ပြည့်ပြည့်စုံစုံ ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ မသန်စွမ်း သူများ အခွင့်အရေး ဆိုင်ရာ Talk Show ဆွေးနွေးပွဲကို မြို့နယ် ပြည်သူ့စာကြည့်တိုက် Online Page မှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)