မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေး

မုဒုံ ဇွန် ၃၀

မွန်ပြည်နယ် ၊ မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက် ပျိုးစရိတ်ချေးငွေကို  ယမန်နေ့နံနက် ၉ နာရီက ကမာဝက်မြို့ စိန်တောင်ရပ်ကွက်ရှိ တောင်သူများအား ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး လယ်ယာစိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အခြေခံပြီး စက်မှုလုပ်ငန်းတည်ဆောက်ရာတွင် ကောင်းစွာ ထောက်အကူ ပြုစေရန် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက တောင်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စိန်တောင်ကျေးရွာများရှိ တောင်သူ (၉၂) ဦး၏   လယ်ဧက(၇၆၇)ဧက အတွက် ချေးငွေကျပ်စုစုပေါင်း(၂၃၀၁)သိန်းကို တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)