ပုဇွန်တောင်မြို့နယ် အမှတ်(၆) ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေး

ပုဇွန်တောင် ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို မြို့နယ်အတွင်း သတ်မှတ်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်()ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ နှစ်ကျိတ်ရှစ်ဆူဆွမ်းလောင်းဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer LP.8.1   ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက  အမှတ်() ရပ်ကွက်အတွင်း ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း  (Booster Dose) အဖြစ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer LP.8.1 ကို ထိုးနှံပေးခဲ့သည်။

အဆိုပါဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ခေတ္တ ဥက္ကဋ္ဌ ဦးကျော် စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမှတ်()ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဌေးနှင့်ရာ/ဆယ်မှူးများ၊ ရပ်မိရပ်ဖများ ပါဝင်သည့်အဖွဲ့မှ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်