လသာမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်၍ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး

လသာ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန်တွင် လသာမြို့နယ်ကျန်းမာရေးမှူး ဦးဆောင်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်း၊ “ဖုံး၊ သွန်၊ လဲ၊ စစ်” အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မျက်စိစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ရေသန့်စင်ဆေး (Purifier of Water) အထုပ်များ၊ Hand Gel များ၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး KG အတန်း ကျောင်းသား ကျောင်းသူများအား သွားတိုက်ဆေးနှင့် သွားပွတ်တံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)