ပုဇွန်တောင် ဇွန် ၃၀
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌအား လည်းကောင်း၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အား လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) မှ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) မှ မြို့နယ်ပညာရေးမှူးအား လည်းကောင်း ခရေပျိုးပင်များပေးအပ်ခဲ့ပြီး သစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ကြကာ သစ်ပင်စိုက်ပျိုးမှုများ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ရှိန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးစိုးမြင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များ တက်ရောက်၍ ခရေပျိုးပင်များအား တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအပြီးတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ကောက်ညှင်းပေါင်းနှင့်အကြော်များ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ဟန်စုယဉ် (ပြန်/ဆက်)