ချောင်းဆုံမြို့နယ်၊ မုရစ်ကြီး-ဇီးကုန်းလမ်း၊ ကတ္တရာခင်းခြင်းဆောင်ရွက်မည့် အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ ဇွန် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးလက် လမ်းတံတားလုပ်ငန်းများအား တည်ဆောက်ပေးလျက်ရှိရာ ယမန်နေ့က မုရစ်ကြီး-ဇီးကုန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းမည့် လမ်းအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုခြင်းကို မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရာညွန် ဦးဆောင်၍ မော်လမြိုင်ခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ချောင်းဆုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မုရစ်ကြီး-ဇီးကုန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းမည့် လမ်းအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့်အစီအမံများကို ရှင်းလင်းတင်ပြ၍ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)က လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကိုကျော်(ချောင်းဆုံ)