ကျေးသီးမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ကျေးသီး ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် () နာရီ ၂မိုင် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာနမှတာဝန်ရှိသူများထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့သည်။ သစ်ပင်စိုက်ပွဲတွင် အမှတ်()လှုပ်ရှား စစ်ဗျူဟာမှူးဦးဆောင်၍  ကျေးသီးမြို့နယ်ခေတ္တမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊သူများ ဒေသခံတိုင်းရင်းသားများ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၃၂၀)ဦး တက်ရောက်ခဲပြီး ခါတော်မီ၊ မဲဇလီ၊ ချယ်ရီ၊ စိန်ပန်းပြာ၊ ယူကလစ် စုစုပေါင်း သစ်ပင်မျိုး()မျိုး (၁၀၀၀)ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)