ဖယ်ခုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်း ဆောင်ရွက်         

ဖယ်ခုံ ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ဇွန်လ ၃၀ ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် ဖယ်ခုံမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းဟန်က ကျောင်းသား ကျောင်းသူများအား မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပညာပေး ဟောပြော ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များကရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ပညာပေးခြင်း၊ မီးငြှိမ်းသတ်ယာဉ်ကြီးများဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်နေမှုကို ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၊ပြန်/ဆက်