မိုင်းဖြတ်မြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မိုင်းဖြတ် ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(တာချီလိတ်)မှ ရဲအုပ်မင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဆိုင်ရာပြစ်ဒဏ်များ၊ အခြား‌နေရာဒေသသို့  မဖြစ်မနေအလုပ်သွားလုပ်ရမည်ဆိုပါက ခရီးအစ၊အလယ်၊အဆုံးတွေ့နိုင်သောအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် ပြုလုပ်ထားသင့်သည့်အချက်များနှင့် ခေါင်းပုံဖြတ်မှုများစသည့်အကြောင်းအရာများကို (Power Point)ဖြင့် အသေးစိတ် ရှင်းလင်း‌ဆွေးနွေးခဲ့သည်။ ထို့နောက် သင်တန်းသို့တက်‌ရောက်လာကြသူများကို လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။အဆိုပါ သင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)