မိုင်းဖြတ် ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်မှချီးမြှင့်သော သာသနာတော်ဆိုင်ရာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းမှ ဘဒ္ဒန္တတေဇိန္ဒအားဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ ဆင်ယင်ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များမှ ရွတ်ဖတ်သရဇ္ဈာယ်သည့် ပရိတ်တရားတော်များနာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတေဇိန္ဒ၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပူဇော်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းမှ ဘဒ္ဒန္တသုကုမာထံမှ အနုမောဓနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)