မိုင်းယောင်း ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ သန့်ရှင်းသာယာလှပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ထွေ/အုပ်ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က အမှာစကားပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့မှတာဝန်ရှိသူများ၊ တက်ရောက်လာသူများက မိုင်းယောင်းမြို့သည် အေးချမ်းသာယာသည့် မြို့ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် သန့်ရှင်းသာယာလှပစေရေးအပါအဝင် မြို့သာယာလှပရေးဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း