မူဆယ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကရာတေး၊ ဘောလုံးသရုပ်ပြပွဲ ဆောင်ရွက်

မူဆယ် ဇွန် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကရာတေး၊ ဘောလုံးသရုပ်ပြပွဲကို ယမန်နေ့တွင် အမှတ်(၁)၊ (၂)၊ (၃) အခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်လှိုင်က အားကစား၏အဓိပ္ပါယ်နှင့် ကျောင်းသူ/ကျောင်းသားများ ကျောင်းစာအပြင် အားကစားကဏ္ဍကိုပါ တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်တို့ကိုရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကင်းရှင်းရေးနှင့် လူငယ်ရေးရာကဏ္ဍခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ ကရာတေးအဖွဲ့က ကရာတေးကစားကွက်များကို သရုပ်ပြပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းလက်ရွေးစင် ဘောလုံးသမားများက ဘောလုံးသရုပ်ပြကစားခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ခရိုင်ဦးစီးမှူးက ကျောင်းအတွက် အားကစားအထောက်အကူပြု ဘောလုံးများကိုပေးအပ်ရာ အ.ထ.က(၁)၊ (၂)၊ (၃)များမှ ကျောင်းအုပ်များက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်