လားရှိုး ဇွန် ၃၀
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှုလုပ်ငန်းအား ကုသရေးဦးစီးဌာန၊ နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှအထူးကု ဆရာဝန်ကြီးများသည် “ဝ” အထူးဒေသ၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇွန်လ ၂၆ရက်မှ၂၈ရက်နေ့အထိ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့်ဌက်ဖျားရောဂါပိုး ရှိ/မရှိသွေးစစ်ဆေးပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ် ပညာ၊ အရိုး/အကြောရောဂါပညာ၊ မျက်စိ/နား/နှာခေါင်း/ လည်ချောင်း/ဦးခေါင်းနှင့် လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း (၁၁၂၆)ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်ဆက်