ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

လွိုင်လင်  ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိုးရာသီဘောလုံးပြိုင်ပွဲ(အမျိုးသား)ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ကျောင်းသူလေးများမှ တေးသရုပ်ဖော် သီချင်းဖြင့်ကပြဖျော်ဖြေပေးပြီးနောက် ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ကိုယှဉ်ပြိုင်ကစားကြသည်။ အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြပြီး ဘောလုံးပြိုင်ပွဲတွင် မေဂျာအသီးသီးမှ အသင်း ၅ သင်းပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လွိုင်လင်မိုး