မိုင်းယောင်း ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့သည် ယမန်နေ့က မြို့နယ်ထွေ/အုပ်ဝန်ထမ်းများအား ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်နိမိတ်ပြင်ပနေ ဝန်ထမ်း(၅)ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ စီဖြင့်လည်းကောင်း၊ ဝန်ထမ်း(၄)ဦး၏ မိဘများအတွက် ကျန်းမာရေးထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ စီဖြင့်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်နေသည့် ဝန်ထမ်းသားသမီးအတွက် ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း