မိုးနဲမြို့နယ်၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများပူးပေါင်းကာ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)ပေါ့မိုင်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းငှားရမ်းရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ အားလတ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ခြင်း၊ ဗဟုသုတအသစ်များတိုးပွားလာခြင်း၊ အသိပညာများကို ပြန်လည်ဖလှယ်နိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပါပြည့်စုံစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာငှား၊ စာဖတ်သူဦးရေ တိုးပွားလာခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား/ကျောင်းသူများနှင့်ကိုက်ညီမည့် စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြကာ အပတ်စဉ်ကွင်းဆင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။

ဇင်ကိုကို