မိုးနဲ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းကျန်းမာရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးစွာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက KG မှ Grade-9 အဆင့်ကျောင်းသား/ကျောင်းသူများအား စာရင်းရေးသွင်းပြီး အမြင်အာရုံချို့တဲ့မှုရှိမရှိကို အသေးစိတ်စစ်ဆေးပေးခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်နှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ အလှည့်ကျကွင်းဆင်း၍ ကျောင်းကျန်းမာရေးရက်သတ္တပတ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို