နောင်ချို ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၉ ရက် နံနက် ၉ နာရီအချိန်က အမှတ် (၉၀၂) အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ထွန်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ ယာဉ်မောင်းသူများ လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များစသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မော်တော်ဆိုင်ကယ်စီးဦးထုပ်အလုံး (၅၀) နှင့် ရောင်ပြန်စတေကာများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်နိုင်ဦး၊ အရာရှိ/အရာခံ၊ အကြပ်စစ်သည်မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်