သထုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင် ထားသည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးနှင့် စပ်လျဉ်း၍ ဥပဒေ/နည်း ဥပဒေများကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ပညာပေးဆောင်ရွက်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ခြင်းမှသည် အုပ်ချုပ် ရေးမှူးများ အပြီးသတ်ရွေးချယ်ပြီးစီးသည်အထိ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး အမှာစကားများ ပြောကြားသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ဥပဒေ/နည်းဥပဒေများတွင် ပြဌာန်း ထားသည့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Time Frame များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ရာတွင် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းပြီး ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူးနှင့် အုပ်ချုပ်ရေးမှူးများ အဆင့်ဆင့်ရွေး ချယ်ခြင်းနှင့် ဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်မှု အကူအညီပေး ရေးအဖွဲ့၏ လုပ်ငန်းတာ ဝန်များတို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူအချို့က သိရှိလို သည်များ မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ စုစုပေါင်း ၅၄ အုပ်စုရှိပြီး ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ယခုလ ၂၃ ရက်နေ့မှ ဖေဖော်ရီလ ပထမပတ်အတွင်း လိုက်လံဆောင်ရွက် သွားမည်ဖြစ်ကာ ဖေဖော်ရီလ တတိယပတ်မှ စတင်၍ ဆယ်အိမ်စုမှူးရာအိမ်စုမှူးများ ရွေးချယ်ခြင်းဆောင်ရွက်ပြီး မတ်လကုန်၌ အုပ်ချုပ်ရေးမှူးများရွေးချယ်အတည်ပြုခြင်း ကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)