သထုံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သထုံ ဇွန် ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာရှိ အမှတ်(၉) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါတပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တပ်ဘက်/နယ်ဘက်ဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီး စိုးလင်းထွန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး တက်ရောက်လာသည့် ဧည့်သည်တော်များက သင်တန်းသားများနှင့်အတူ နံနက်စာ သုံးဆောင်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ပြည်သူ့စစ်မှုထမ်း သင်တန်းသား(၁၈၇)ဦး တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲသို့  အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ဗမာတိုင်းရင်းသား ဝန်ကြီး ဦးမျိုးမင်းလှိုင်၊  မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော်၊ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်