ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အခွန်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဟိန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိဖြူတို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြရာ အသိပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ စုစုပေါင်း(၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)