ကျိုင်းတုံမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ပေးလျက်ရှိ

ကျိုင်းတုံ ဇွန် ၂၉

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယနေ့က   ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များက ကျိုင်းတုံမြို့ ယာဉ်အသွားအလာများသည့်နေရာများနှင့် မြို့အဝင်/ထွက်ရှိစစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား ယဉ်ကျေးပျူငှာစွာအလေးပြုနှုတ်ဆက်ပြီး ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေးအတွက် သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်၍ ပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ အသိပညာပေးပြောကြားခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အခြေခံပညာစာသင်ကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ကျောင်းတက်၊ကျောင်းဆင်းချိန်များတွင် ယာဉ်လမ်းရှင်းလင်းရေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)