ပန်းဘဲတန်း ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ၊ ဆရာမများ (Book Club) အသင်း ၊ စာပေဝါသနာပါသူများနှင့် စာရေးဆရာ နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ၌ ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည်တိုက်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စာရေးဆရာ နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်အား ဝိုးတဝါးလမ်း အတွေးအမြင် အလင်းရောင်အခန်းကို ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက ဖတ်ကြားပြီး ကျောက်တံတားမြို့နယ် စာရေးဆရာမ ညွှန့်ညွှန့်က ဘဝခရီးအတွက် အတွေးအခေါ်များကို ဖတ်ကြားပြီး စာပေဝါသနာပါသူ Book Club အသင်းမှ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌများ မုဒိတာစကားများ ပြောကြားသည်။
ထို့နောက် စာရေးဆရာစိုးမိုး (ပါရာဒိုင်း) က စာဖတ်ခြင်းဖြင့် ရရှိအကျိုးကျေးဇူးများအကြောင်းနှင့် စာရေးဆရာမ ရင်ရင်မြင့်က စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် "ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း" စာအုပ်အကြောင်းအရာများအား အသီးသီးဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေကြသည်။ Book Club အသင်းအဖွဲ့ဝင်များ၊ စုစုပေါင်း (၂၀) ဦး တက်ရောက်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ခင်ဝင်းမူ (ပန်းဘဲတန်း)