ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇွန် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဇွန် ၂၉ ရက်က ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က အခွန်ကောက်ခံရသည့်ရည်ရွယ်ချက်များအကြောင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်းစသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် စားသောက်ဆိုင်လုပ်ငန်းရှင်ပြည်သူများက သိလိုသည်များမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)