လားရှိုးမြို့တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

လားရှိုး ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်  အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့က  ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲများကို  ဇွန်လ ၂၄ ရက်တွင် အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ နှင့် မိတာ ၄၀၀ အမြင့်ခုန်၊ သံပြားပစ်၊ သုံးဆင့်ခုန် ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဇွန်လ ၂၅ ရက်တွင် အမျိုးသား၊ အမျိုးသမီး မီတာ ၂၀၀ နှင့် မိတာ ၈၀၀ အလျားခုန်၊ သံလုံးပစ်၊ လှံတံပစ်ပြိုင်ပွဲများ က င်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲအသီးသီးတို့တွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်ပညာ‌ရေးမှူး ဒေါ်သန်းသန်းမော်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နန်းမျိုးသန္တာဦးနှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)