မိုင်းယောင်းမြို့၌ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက်ခေတ်မီစံပြကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေးအတွက် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းသည့် နေအိမ် ၄၃ လုံးအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း