မိုင်းယောင်း ဇွန် ၂၇
ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က (ဝမ်ဘိုး)၌ ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့က စိုက်ပျိုးမည့် သစ်ပင်၊ ပျိုးပင်များအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများက ကျွန်း၊ မဲဇလီ၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ ငုရွှေဝါပင်များကို စိုက်ပျိုးကြကြောင်း သိရသည်။
နန်းပန် (ပြန်/ဆက်)