ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်မည့် ထူးချွန်အမျိုးသမီးများ စီစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

တောင်ကြီး ဇွန် ၂၇

၂၀၂၆ခုနှစ်၊ ဇူလှိုင်လ(၃)ရက်‌နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေအခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်မည့် ထူးချွန်အမျိုးသမီးများစီစစ်ရွေးချယ်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက  ပြည်နယ်အမျိုးသမီးကော်မတီရှမ်းပြည်နယ်အတွင်းရှိ ထူးချွန်ထက်မြတ်သည့် အမျိုးသမီးများအားစီစစ်ရွေးချယ်ပြီး မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဂုဏ်ပြုဆုများချီးမြှင့်နိုင်ရေးအတွက် ကော်မတီဝင်များအားလုံးက ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ‌ဒေါ်သိန်းသိန်းမြင့်က မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်ရေးအတွက်ပြည်နယ်အတွင်းရှိ ထူးချွန်အမျိုးသမီးများ ပဏာမစီစစ်ရွေးချယ်ထားရှိမှု အခြေအနေများကို  ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များက ထူးချွန်အမျိုးသမီးများအား သက်ဆိုင်ရာကဏ္ဍအလိုက်စီစစ်ရွေးချယ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)