ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ဟိုပုံး ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ဗိုလ်လုပွဲစဉ်တွင် တောင်ပိုင်းဘောလုံးအသင်းနှင့် နမ့်ခုတ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ ခေတ္တ‌ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျောင်းသား၊ကျောင်းသူများနှင့် ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဗိုလ်လုပွဲစဉ်တွင် တောင်ပိုင်းဘောလုံးအသင်းနှင့် နမ့်ခုတ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ပိုင်းဘောလုံးအသင်းက နမ့်ခုတ်ဘောလုံးအသင်းကို ၂ ဂိုး ၀ ဂိုး ဖြင့်အနိုင်ရဗိုလ် စွဲခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဘုန်းကြွယ်ဟန်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးအဖွဲ့အား ဂုဏ်ပြုဆုငွေများနှင့် ဒိုင်လူကြီးအဖွဲ့အား ဂုဏ်ပြုဆုများကို ပေးအပ်သည်။ ထို့နောက် နေရာအလိုက်အကောင်းဆုံးဆုရအား ကစားသမားများကိုပေးအပ်ရာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးသိန်းထွန်းရွှေက ဂိုးသမားအကောင်းဆုံးဆုကိုလည်းကောင်၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက နောက်တန်းအကောင်းဆုံးဆုကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်သက်ဇော်ထွန်းက အလယ်တန်းအကောင်းဆုံးဆုကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူး ဋ္ဌေးအောင်က ရှေ့တန်း အကောင်းဆုံးဆုကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က ပွဲစဉ်တလျှောက်အကောင်းဆုံးအားကစားသမားဆုကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကျော်အေးက ဒုတိယဆုရရှိသော နမ့်ခုတ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ညိုမောင်က  ဒုတိယဆုရရှိသော နမ့်ခုတ်ဘောလုံးအသင်းအား ငွေသားဆုကျပ်(၁၀)သိန်းကိုလည်းကောင်း၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က ပထမဆုရရှိသော တောင်ပိုင်းဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ပထမဆုရရှိသော တောင်ပိုင်း ဘောလုံးအသင်းအား ငွေသားဆုကျပ်(၁၅)သိန်းကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပထမဆုရရှိသော တောင်ပိုင်းဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသင်းပေါင်း(၂၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြီး မေလ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)