ကျောက်ဆည်မြို့နယ်၌ နိုင်ငံတော်ထောက်ပံ့ငွေ သက်တန့်ရောင်စီမံကိန်းဖြင့် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေ သက်တန့်ရောင်စီမံကိန်းဖြင့် စိုက်ပျိုးငွေများ ထုတ်ချေးပေးလက်ရှိကြောင်း သိရှိရပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငါးလုံကုန်းကျေးရွာ အခြေခံ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူများစိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နှမ်းသီးနှံများစိုက်ပျိုးရာ၌ ငါးလုံကုန်းကျေးရွာ အခြေခံစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူ ၄၁ ဦးမှ  သက်တန့်ရောင်စီမံကိန်းချေးငွေ တစ်ဧက သုံးသိန်းလေးသောင်းကျပ်ဖြင့် ပင်ထောင် ပတ်လည် ဂျပန်နှမ်းဖြူမျိုး ၁၅၅ ဧက စိုက်ပျိုးထားပြီး နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းသည့်အတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ကြောင်း သိရသည်။

 သက်မောင်(ကျောက်ဆည်)