တွံတေး ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဒွန်းကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စု တို့တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အားပြည်သူများ သိရှိစေ ရေး ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုလုပ်ငန်းစဉ်များအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဦးသက်ဦး၊ ကျေးလက် လမ်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသိန်းမြင့်စိုး၊ မြန်မာ့ ဆက်သွယ်ရေး တာဝန်ခံ ဦးမျိုးဆွေတင့်တို့က ဆွေးနွေးတင်ပြပြီး ပြည်သူ များ၏ သိလိုသည့် အချက်များအား မေးမြန်းမှုများကိုပြန်လည်ဖြေကြားခဲ့သည်။
လုပ်ငန်းစဉ်ဆွေးနွေးပွဲသို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ စိတ်ပါဝင်စားသော ကျေးရွာ ပြည်သူလူထုတို့ တက်ရောက် ကြခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ် ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား ပြည်သူများ သိရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ခု၊ ကျေးရွာ အုပ်စု(၆၅)အုပ်စုကို မြို့နယ်ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့(၈)ဖွဲ့ဖြင့် ကွင်းဆင်း၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မျိုးလှိုင်(တွံတေး)