စဉ့်ကိုင် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဆုချီးမြှင့်ပွဲနှင့်စာမူရှင်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက "ဒို့ကျောက်ဆည်" သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လဲ့လဲ့ဝေနှင့် တာဝန်ရှိသူများက ၂၄ နှစ်မြောက် တက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာ/သိပ္ပံ အကောင်းဆုံး သုတေသန စာတမ်းရှင်များ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များနှင့် သုတေသနစာတမ်း ဖတ်ကြားသည့် စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် ဘာသာရပ်အသီးသီးအလိုက် ကျောင်းသား/ကျောင်သူများ တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)