ပုသိမ်ကြီး ဇွန် ၂၇
သမဝါယမဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမကောလိပ် (မန္တလေး) တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ စာလုံးပေါင်းသတ်ပုံ မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါကောလိပ်၌ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၂၉) ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ရန်ကင်းခန်းမ၌ ကျင်းပရာကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တွဲဖက်ပါမောက္ခ ဒေါ်အေးစန္ဒာဇော် (မြန်မာစာဌာန) ကစာလုံးပေါင်းသတ်ပုံ အဖြေမှန်များကိုရှင်းလင်းပြောကြားပေးပြီးဆုရရှိကြသူများကို ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ရွှေရန်ကင်း)