ကျိုင်းတုံတက္ကသိုလ်၌  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံ ဇွန် ၂၆

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၅ ရက်က ကျိုင်းတုံတက္ကသိုလ်၊ ခေမာရဋ္ဌ်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းလွင်က အမှာစကားပြောကြားပြီး အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ ဒုတိယရဲမှူးစိုးဝင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊  ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး၊ ပြည်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများအကြာင်း၊ လူကုန်ကူးမှုများ လျော့နည်းပပျောက်ရေး၊ ထိရောက်စွာ တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပုံစံများအား ကြိုတင်ကာကွယ်ရေးဆိုင်ရာများအကြောင်းအရာများကို အသိပညာပေးဟောပြောရာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)